Wednesday, 31 August 2016

Trekking Kalaw Town, Myanmar

ဘယ်တွေသွားကြလဲ? ဘယ်လောက်ကုန်လဲ? မေးကြတဲ့ သူငယ်ချင်းတွေအတွက် အတွေ့အကြုံလေးတွေ share ပေးပါရစေ။ review ယောင်ယောင်... ဘာယောင်ယောင်ပေါ့။ ဈေးနှုန်းတွေ နောက်ဆုံးမှာ စုရေးပေးပါ့မယ်။ (ပုံလေးတွေ ၁ပုံချင်းကြည့်ပါ)
1st day _ ရန်ကုန်ကနေ မနက်ကား (၈နာရီ)နဲ့ထွက်ပါတယ်။ express ကားတွေအများကြီးရှိပါတယ်။ ကြိုက်တာရွေးပါ။ ခရီးက ဝေးတော့ သက်တောင့်သက်သာစီးလို့ရမယ့် VIP ကားကို ရွေးလိုက်တယ်။ အေးဆေးအိပ်ပြီးစီးဖို့ ခြေထောက်တင်လို့ရတယ်။ အေးရင် ခြုံဖို့ စောင်ပါတယ် (အနံ့အသက်မရှိပါ)။ အဆာပြေအတွက် sunkit တစ်ဗူး၊ ကိတ်မုန့်နဲ့ ရေသန့် ပေးပါတယ်။ (လိန်ပျံစီးရသလိုပဲ.. ငိငိ)snow tower နဲ့ သွားပွတ်တံ၊ သွားတိုက်ဆေးပေးတယ်။ မနက်ဆာစားဖို့ ၁၀၅ မိုင်မှာ နာရီဝက်ရပ်ပေးတယ်။ ဆိုင်တွေက လူများပြီး စားလို့ သိပ်မကောင်း..! အမြန်လမ်းက အထွက်နားမှာ တစ်ခါ ကျန်းမာရေးအတွက် ၅ မိနစ် ရပ်ပေးပါတယ် (ဒိုက်လေးဘာလေး ထိုးပေါ့) ညနေ ၄နာရီခွဲ.. ၅နာရီဆို ကလောရောက်ပါတယ်။ ကလော winner hotel ရှေ့မှာဆင်းရင် ကား/ဆိုင်ကယ်ငှားရ လွယ်ပါတယ် (credit U Ye`)
Hotel_ ကလောသွားခါနီး တည်းဖို့ hotel စဉ်းစားရတာ တော်တော်ခေါင်းရှုပ်ပါတယ်။ ရွေးချယ်စရာများသလို နေချင်စရာ ပုံစံလေးတွေနဲ့ တမျိုးမဟုတ်တမျိုး ဆွဲဆောင်မှု ကောင်းပါတယ်။ review တွေဖတ်ရင်းနဲ့ google မှာ hotel နာမည်တွေ ရှာကြည့်တဲ့အခါ Green Haven Hotel လေးက နိုင်ငံခြားသားတွေ မှတ်ချက် ကောင်းကောင်းပေးထားသလို (သူတို့က ဂျီးများလို့) ဈေးနှုန်းလည်း အဆင်ပြေတာကြောင့် တည်းဖြစ်ခဲ့ပါတယ်။ တစ်ကယ်လည်း တည်းခိုရတာ အဆင်ပြေပါတယ်။ အခန်းတွင်းကို သစ်သားနဲ့ အလှဆင်ထားလို့ သစ်သားနံ့သင်းသင်းလေးရယ်.. Hotel ရှေ့က ထင်းရှူးတောနဲ့တောင်တန်းကို ဖြတ်လာတဲ့ လေနုအေးလေးရယ်... ပန်းတွေ ဝေဝေဆာဆာပွင့်နေတဲ့ ဥယျာဉ်လေးရယ်.. အရမ်းနေလို့ကောင်းတယ်။ ရေချိုးရင် Bathtub နဲ့မို့ ရေနွေးနဲ့ ဇိမ်ပြေနပြေ ချိုးလို့ရတယ်။ သန့်ရှင်းတယ်၊ သပ်ရပ်တယ်။ မနက်စာက ဘူဖေးတော့မဟုတ်ဘူး.. ဒါပေမယ့် အလျှံအပယ် ကျွေးတယ် (စားလို့တောင် မကုန်ဘူး)။ ရှမ်းခေါက်ဆွဲ၊ ထမင်းကြော်၊ မုန့်ဟင်းခါးက တစ်နေ့တစ်မျိုး ကျွေးတယ်။ Pan cake, ပျားရည်, ကိတ်မုန့်, ဆမူဆာ, အီကြာကွေး, ကြက်ဥကြော် ၂လုံး, ပေါင်မုန့် မီးကင် (ယို ၂ မျိုး), ငှက်ပျောသီး, juice တစ်ခွက်, ကော်ဖီ တစ်ခွက်.. ဒါတွေကတော့ နေ့တိုင်းပါတယ်။ အရမ်းစားလို့ ကောင်းတယ်။ ဝန်ထမ်းတွေကလည်း မျက်နှာလေးတွေ ချိုလို့ ဧည့်ဝတ်ကျေချက်ပဲ။ hotel ပိုင်ရှင်က အစ အမြဲနှုတ်ဆက်တယ်။ ကူညီချင်စိတ် ရှိတယ်။
မြို့ထဲနဲ့ ဝေးတာလေးပဲ ပြောစရာ ရှိတာ။ အေးအေးဆေးဆေး စိတ်ချမ်းသာစွာ နေခဲ့.. အိပ်စက်ခဲ့ ရတဲ့အတွက် ကျေနပ်တယ်။
2nd day_ အင်းလေးကို အေးအေးဆေးဆေး လည်ဖို့ တစ်ရက် အချိန်ပေးလိုက်တယ်။ ကလောကနေ အင်းထဲ... အင်းထဲ ကနေ.. မြင်းမထိလှိုင်ဂူ.. နောက်ဆုံး ကလောပြန်တယ်။ကားအသွားကို ၂နာရီ ၊ အပြန်ကို ၂နာရီလောက် မောင်းရတယ်။ စက်လှေကတော့ အင်းထဲ အသွားအပြန် ၂နာရီခွဲလောက်ကြာတယ်။ မနက် ၈နာရီခွဲကတည်းက ကလောက ထွက်တာ ညနေ၆နာရီလောက်မှ ကလောကို ပြန်ရောက်တယ်။ တစ်နေ့လုံး စိတ်ကြိုက်လည်.. စိတ်ကြိုက် ဓာတ်ပုံရိုက်ခဲ့တယ်။ အင်းထဲမှာ လှေစီးရတာ နဲနဲကြောက်ဖို့ ကောင်းတယ်။ ဒါပေမယ့် အင်းလေး ရေပြင်ပြာရယ်... တောင်တန်းတွေရယ်... ကောင်းကင်ထက် တိမ်လိပ်ထူထူကြီးတွေရယ်... ငါးဖမ်းနေတဲ့ အင်းသားတို့နဲ့ လှေလှော်နေတဲ့ အလှက ပန်းချီကားတစ်ချက်ထဲ ကိုယ်ရောက်သွားသလိုပဲ..။ ဆွေးတတ်ရင်တော့ အင်းလေးမှာ ရွာတဲ့မိုး သီချင်းလေး ညည်းပြီး feel တတ်လို့ရတယ်။ စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုတော့ ရှိတယ်.. အင်းလေး ဖောင်တော်ဦးဘုရားက ငှက်စာ ရောင်းတဲ့သူတွေပဲ။ အတင်း တတွတ်တွတ်ရောင်း.. လက်ထဲ အတင်းထိုးထည့်.. ဈေးကလည်းတင်သေးတယ်။ မဝယ်ရင် ရန်ဝိုင်းတွေ့ကြတယ် :3
3rd day_ မူလ အစီအစဉ်မှာ ပင်းတယ၊ ရေပြာအိုင်နဲ့ မိန်းမရဲတောင် သွားဖို့ပဲ။ သဘောကောင်းပြီး စိတ်ထားဖြူတဲ့ ကားသမားအစ်ကိုကြီးကြောင့် (ကားပေါ် ဖိနပ်ကျန်ခဲ့တာတောင် ရန်ကုန် ပြန်ခါနီး ကားဂိတ်အထိ လာပြန်ပေးပါတယ်)ကုံလုံနဲ့ တောကျယ်ရေတံခွန်ပါ ရောက်ခဲ့ပါတယ်။ မနက် ၈နာရီခွဲ ကလောက ထွက်လာပြီး အဆင်းလှတဲ့ ပင်းတယမြို့လေးကို ဖြတ်တော့ ၁၀နာရီလောက်ရှိပြီ။ နဲနဲ ထပ်သွားပြီး ကုံလုံဆရာတော် ရုပ်ကလပ်ကို ဖူးတယ်။ ပင်းတယ လှိုဏ်ဂူ ဝင်တယ်။ နေ့လည်စာ ရှမ်းခေါက်ဆွဲ စားကြတယ်(တစ်ပွဲ ၅၀၀, တန်မှတန်, ကောင်းမှကောင်း) လမ်းတဝက်မှာ ကားခဏရပ်ပြီး အဝတ်အစားလဲ ဓာတ်ပုံရိုက်သေးတာ။ ကားသမားလည်း စိတ်ရှည်ရှာပါတယ်။ လုပ်ချင်တာလုပ် သွားချင်ရာသွား စောင့်ပေးတယ်။ တောကျယ်ရေတံခွန်နဲ့ မိန်းမရဲတောင် လည်ပြီး ကလောကို ပြန်ဖို့လုပ်တော့ ညနေ ၄နာရီခွဲလောက်ရှိပြီ။ မိုးကညို့ညို့ တောင်က အထပ်ထပ်နဲ့ လွမ်းစရာကောင်းပုံများ စိတ်နုရင် မျက်ရည်ပါဝဲလောက်တယ်။
4th day_ ကဲ.. ကဲ ဒီနေ့ကတော့ ကလောကို အဓိက လာရတဲ့ အကြောင်းအရင်းဖြစ်တဲ့ Trekking သွားရတော့မယ်။ နာမည်ကျော် လမ်းပြကြီး U Ye` Kalawthar က မနက် ၇ ခွဲမှာ hotel ရှေ့လာကြိုတယ်။ (ဩော်... ဒါနဲ့ ကားဆရာရော. ဦးရဲရော အချိန်တော်တော် တိကျတယ်။ ဒီအချိန်လာမယ်၊ ဒီအချိန်ရောက်မယ်ပြောရင် ကွက်တိလာတယ်၊ ရောက်တယ်။ အချိန်လေးစားပြီး ကိုယ့်အလုပ်ကို တန်ဖိုးထားတဲ့ လူတွေနဲ့တွေ့ရတာ ကုန်ရကျိုးနပ်တယ်) နီးဘုရား ခဏဖူးပြီး လမ်းစလျှောက်ကြတယ်။ တစ်တောင်ဆင်း တစ်တောင်တက်နဲ့ ရှုခင်းတွေ လှလိုက် ဓာတ်ပုံရိုက်လိုက်နဲ့ မောရင်လည်း ခဏပဲ။ လမ်းခရီးက ပလောင်ရွာ၊ ဓနုရွာတွေဖြတ်ရတယ်။ ရွာဆိုပေမယ့် တိုက်တွေ တောင်းကမ်းပါးမှာ အစီအရီ ဆောက်ထားတာ။ လက်ဖက်ခင်း၊ လိမ္မော်ခင်းကြားထဲမှာ လေးထောင့်စပ်စပ်၊ ပြတင်းပေါက်များများနဲ့ တိုက်ပုံစံတွေက တစ်ပုံစံတည်းမို့ မျက်စိပသာဒ ရှိလိုက်တာ။ မောရင်နားလိုက် လမ်းလျှောက်ရင်း ရယ်စရာတွေပြောလိုက်၊ လမ်းမှာတွေ့သမျှ သစ်ပင်တွေ၊ တောင်တွေ၊ ရွာတွေ နာမည်တွေ အကုန်လျှောက်မေး.. ဒီလိုနဲ့ပဲ နာမည်ကျော် အလှပဂေးလေး view point ကို ၁၁နာရီလောက် ရောက်တယ်။ view point ကနေ ဆင်ကြီးဝပ်နေသလို ဖြစ်နေတဲ့ ဆင်တောင်ကို လှမ်းမြင်ရတယ်။ စိမ်းစိမ်းစိုစိုတောင်ကြားထဲမှာ မြူတွေဝေလို့.. မြင်နေရတဲ့ သဘာဝတရားရဲ့ အလှဟာ ငါဒီနေရာကို ရောက်အောင်လာခဲ့တာ အရမ်းကိုတန်သွားပြီလို့ အတွေးဝင်စေတယ်။ ဖုန်းလိုင်းမရှိတဲ့နေရာမှာ စကားပြောရင် တစ်ယောက်မျက်နှာ တစ်ယောက် ပိုကြည့်မိတယ်.. တစ်ယောက်စကားကို တစ်ယောက် ပိုနားထောင်မိတယ်။ သဘာဝတရားနဲ့ ကိုယ်နဲ့ကြား အလွှာခြားသွားစေမယ့်အရာ ဘာမှမရှိဘူး။ view point မှာ သက်သက်လွတ် ချာပါတီရယ်၊ သစ်သီး လတ်လတ်ဆတ်ဆတ် တွေ မောမောနဲ့ ကျိတ်ပလိုက်တယ်။ ရောက်ဖြစ်မယ်ဆိုရင်တော့ အဲ့ဒီက india tea ကို သောက်ဖြစ်အောင် သောက်ကြည့်ပါ။ tea ထဲထည့်ဖျော်ထားတဲ့ အစာပလာတွေကြောင့် ပူပူနွေးနွေး မွှေးမွှေးလေးနဲ့ အရသာရှိလွန်းလို့ သောက်မိရင် ဘဝင်ခိုက်သွားစေရမယ် အာမခံပါတယ်။ view point ကနေ နေ့လည် ၁ နာရီလောက် ပြန်ထွက်လာပြီး ဆက်လျှောက်တယ်။ ၁နာရီခွဲလောက်လျောက်မိရင် နောက်ထပ် point တစ်ခုရောက်တယ်။ ခနနားပြီး ဆက်လျှောက်တော့ ကိုလိုနီခေါတ်တည်းက ဆောက်ထားတဲ့ ဥမင်လှိုဏ်ခေါင်းတွေဆီ ရောက်တယ်။ ဓာတ်ပုံရိုက်လို့ လှချက်ပဲ။ ရထားလမ်းအတိုင်း ၂နာရီလောက်လျှောက်ရင် တစ်ညတည်းမယ့် ဓနုရွာလေး (မြင်းဒိုက်)ကို ရောက်တယ်။ ညောင်းလိုက်တာ၊ ကိုက်လိုက်တာဆိုတာ ဟိုဘက်လှည့်လည်းနာ၊ ဒီဘက်လှည့်လည်းနာ (ရန်ကုန်သူ လက်ကြောမတင်းတွေ) တညည်းညည်းညူညူနဲ့။ ဒါပေမယ့် ခဏနားပြီး သဘာဝတောင်ကျရေ အေးအေးလေး ချိုးလိုက်တာနဲ့ ညောင်းတာညာတာ ချက်ချင်းကို သက်သာသွားတယ်။ ည ၇နာရီထိုးတော့ U Ye` တို့က ထမင်းကျွေးတယ်။ အားပါး စားလို့ကောင်းလိုက်တဲ့ ဟင်းတွေဆိုတာ ထမင်း ၂ ပန်းကန် ပျိုက်ခနဲပဲ။ ၃ပန်းကန်တီးတဲ့လူ ရှိတယ်။ ထမင်းချက် chef ကြီးကို တစ်ချက် ရှိုးလိုက်သေးတယ်။ သူက ရှက်တတ်လို့လားမသိ အရှေ့ကို မထွက်ဘူး။ ဦးကြီးက ဆံပင်ရှည်ရှည်ကို စည်းထားတာ၊ ရုပ်က rocker လိုလို... ရုပ်ရှင်ထဲက လူကြမ်းလိုလိုနဲ့ လက်စွမ်းပြထားတဲ့ ဟင်းတွေက ရုပ်နဲ့မလိုက်ဘူး။ (စတာဖာ.. စတာဖာ ငိငိ) စားပြီးတာနဲ့ အိပ်ဖို့ ခင်းပေးထားတဲ့ အိပ်ရာလေးတွေက နွေးနွေးထွေးထွေး၊ သန့်သန့်ရှင်းရှင်းမို့ ခေါင်းချလိုက်တာနဲ့ တစ်နေကုန်လမ်းလျှောက်ထားတဲ့ အရှိန်ရယ်ပေါင်းပြီး တုံးခနဲ အိပ်ပျော်တာပဲ။ (ခြင်ထောင်မရှိ၊ ခြင်မကိုက်ပါ) မှတ်မှတ်ရရ ပိုက်ဆံ တစ်ကျပ်မှ မကုန်တဲ့နေ့။
5th day_မနက် ၆နာရီခွဲလောက် ထပြီး မျက်နှာသစ်တယ်။ မနေ့က ကောင်းကောင်းစား ကောင်းကောင်းနားထားတော့ ညောင်းတာကိုက်ခဲတာတွေ မရှိတော့ဘူး။ မျက်နှာသစ်ပြီးတာနဲ့ ၇နာရီခွဲလောက်မှာ နံနက်စာက အဆင်သင့် (စားလို့ကောင်း)။ စားပြီးတာနဲ့ ရွာက ၈နာရီခွဲလောက်ထွက်တယ်။ လေးဆယ့်ငါးမိနစ်လောက် ရထားသံလမ်းတွေပေါ်ကနေ မြင်းမဒိုက်ဘူတာလေးကို လမ်းလျှောက်ရတယ်။ ရထားနဲ့ ကလောကို ပြန်လို့ရပေမယ့် ရထားဝင်တာ နောက်ကျတဲ့အတွက် တုတ်တုတ် (ဆိုင်ကယ်တပိုင်း ထော်လာဂျီတစ်ပိုင်း) စီးပြီးပြန်လာတာ ကလောကိုရောက်တော့ ဆယ်နာရီခွဲလောက် ရှိပြီ။ ကံကောင်းချင်တော့ ကလော ၅ရက်ဈေးနဲ့ ကြုံလို့ ဈေးတန်းထဲ လျှောက်လည်။ ကလောမြို့မဈေးထဲမှာ ရှမ်းအစားအစာတွေ လျှောက်စား၊ ပစ္စည်းတွေဝယ်။ ရွှေဥမင်ဘုရားလည်း ဝင်ဖူးတယ်။(ရန်ကုန်ပြန်မယ့် ကားက ည၇နာရီခွဲမှမို့ နားချင်ရင် hotel မှာ half break နဲ့ ဈေးသက်သက်သာသာ နားလို့ရပါတယ်။) ပိုနေတဲ့ အချိန် လုပ်ချင်တာလုပ်၊ စားချင်တာစား၊ သွားချင်တာသွားလို့ရတယ်။ (ကိုယ့်နှမလေးတွေ အလည်လာသလို စောင့်ရှောက်ပေးတဲ့ U Ye` ကိုလည်း အထူးကျေးဇူးတင်ပါတယ်)
ညဘက် ကလောက ၈နာရီလာက်ကားထွက်ပြီး ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်းကို မနက် ၄ နာရီခွဲလောက် ရောက်ပါတယ်။
ဈေးနှုန်းများမှာ ခရီးသွားရာသီချိန်တွင် မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။
ကားခ_ 18,000 ,လုမ္ဗနီ express, VIP
တည်းခိုခ_ 45,000 Green Haven Hotel per night for 3 person
ကားငှားခ _ 55,000 အင်းလေးနှင့် မြင်းမထိဂူ
စက်လှေခ_ 25,000 အင်းလေးကန် အနှံ့
ကားငှားခ_ 65,000 ပင်းတယ, ကုံလုံ, ရေပြာအိုင်, တောကျယ်, မိန်းမရဲတောင်
Terkking _ Trekking with U Ye` kalawthar Page တွင်မေးပါ။
၃ သုံးယောက်သွားတာဆိုတော့ အသွားအပြန်ကားခတွေနဲ့ တွက်လိုက်ရင် trekking စားရိတ်အပါအဝင် စားသောက်စားရိတ်ပါထည့်ပေါင်းရင် ၄ညအိပ်၅ရက်ခရီးကို တစ်ယောက်လျှင် ခန့်မှန်းခြေ ၂သိန်းကုန်ပါတယ်။ (Customer Service အကောင်းဆုံးတွေပါ)
ဆက်သွယ်ရန်...
Green Haven Hotel _ 08150639
Car Rental (Ko Too)_09428315096
Trekking Guide (U Ye`) _ 09258310379
အစားအသောက်အတွက် ကလောမြို့က Everest, 7 sisters နဲ့ ပြည့်ပြည့် ရှမ်းရိုးရာဆိုင် တွေကို recommend ပေးပါတယ်။ ဈေးနှုန်းအသင့်အတင့်နဲ့ အကောင်းဆုံးအရသာ ရှိတဲ့ဆိုင်တွေပါ။


 ဘဝသံသရာ တံတားပေါ်ကင်းစောင့်သူ















 
ကုံလုံကျောင်းပေါ်က မြင်ကွင်း

 










အဆင်းလှတဲ့ ပင်းတယ


 
တောကျယ် ရေတံခွန်























ကလော ၅ရက်ဈေး... တိုင်းရင်းသားတွေစုံမှစုံ













 မီး တို့ ဘယ်ကလာလဲ မေးတဲ့ အမေရဲ့ ဝဲတဲ့အသံ သတိရမိပြန်












 လိမ္မော်ခင်းတွေ..












 Trekking သွားရင် ဒါမျိုးဖိနပ်ပဲစီးနော် (ကလောဈေးမှာ ၃၅၀၀ နဲ့ရောင်းတယ်)















 အင်းလေးရေပြင်ပြာ















Hotel က မနက်စာ












 ကျောပိုးအိတ်ရယ်... ဦးထုပ်ရယ်... မျက်မှန်ရယ်(မပါမဖြစ်တွေနော်)










 

 Reference from:
 https://www.facebook.com/cutechityu?hc_ref=PAGES_TIMELINE

Mogok Ruby Land


အရင်တုန်းက မိုးကုတ်ကလူတွေနဲ့တွေ့ရင် ကျနော်တို့ကိုသူတို့မြို့လေးကဘယ်လောက်လှကြောင်း လာလည်ဖို့ဖိတ်ခေါ်ကြောင်းအမြဲပြောတယ်။
စိတ်ထဲမှာတော့ " အော် ဒီလိုပဲ ။ နယ်မြို့လေးတမြို့ပေါ့ " သိပ် ပြီးထူးထူးထွေထွေမရှိပါဘူးလေဆို ပြီးထားလိုက်တယ်။ Project တခုခုရှိ တော့မှသွားမယ်ပေါ့။
အဲဒါနဲ့လွန်ခဲ့တဲ့၃လလောက်ကကျနော်တို့ Arkar Production အဖွဲ့သားတွေ SP GEMS အဖွဲ့နဲ့အတူအဲဒီမိုးကုတ်ဆိုတဲ့မြို့ကလေးကိုဘဝမှာပထမဦးဆုံးအကြိမ်ရောက်ခဲ့ပါတယ်။
အစကတော့ Commercial Video လေးတခုရိုက်ဖို့ရောက်လာတာပဲ။
တရက် ပြီးတရက် အဲမှာနေရင်း ရှူခင်းတွေလိုက်ရိုက်ရင်းကနေစိတ်ထဲမှာတခုခံစားရတယ်။
တောင်တွေပတ်ပတ်လယ်ဝန်းရံထားတဲ့မိုးကုတ်မြို့လေးရဲ့အလှအပ, အေးချမ်းတဲ့ရာသီဥတု, မြို့ခံလူတွေရဲ့ဖော်ရွေမှူ, လတ်ဆတ်တဲ့အစားအသောက်
That was amazing...
တရက်နဲ့တရက်ကျနော်အဲ့မြို့လေးကိုနှစ်သက်လာတယ်။
နောက်တခုသိလိုက်ရတာကကမ္ဘာ့အကောင်းဆုံးပတ္တမြားတွေက ဒီမြို့လေးကထွက်တာဆိုတာပဲ။
အဲဒါနဲ့ကျနော်တို့လဲဒီမိုးကုတ်မြို့လေးကို Promote လုပ်မှပဲဆိုပီး SP GEMS ကလူတွေအကူအညီနဲ့ဒီ Promo Video လေးကိုရိုက်ဖြစ်လိုက်တယ်။
မရောက်ဖူးသေးတဲ့လူ တွေလဲသွားလည်ဖို့တိုက်တွန်းပါတယ်။
အခွင့်ကြုံရင်တော့ပြန်ဆုံချင်ပါသေးတယ် မိုးကုတ်မြို့လေးရေ။

Reference from:
https://www.facebook.com/ArkarProduction/?hc_ref=PAGES_TIMELINE

Tuesday, 30 August 2016

Shwe Pyi Resort & Restaurant



ချစ်တို့ရေ ဒီတခေါက်တော့ တော်တော်များများရောက်ဖူးကြတဲ့ 'Shwe Pyi Resort' လေးအကြောင်းပါ 🏞🏡 ရန်ကုန်နဲ့ အနီးဆုံး Resort ဆိုလည်းမမှားပါဘူးနော် ☺️
အစကတော့ မရေးတော့ဘူး ဆိုပေမဲ့ မရောက်ဖူးတဲ့သူတွေ သွားလို့ရအောင် ရေးပေးလိုက်ပါတယ်နော် 😘 ရောက်ဖူးပီးသားလည်း ခဏ ခဏ သွားလို့ကောင်းတဲ့နေရာလေးပါ ☺️
လမ်းခရီး 🚗
ရန်ကုန်ကနေ မိနစ်၉၀ လောက်မောင်းရင်ရောက်ပါတယ် ရန်ကုန်-ပဲခူး ကားလမ်းမကြီးဘေး အင်းတကော်မြို့ မှာရှိပါတယ်. ပဲခူးမရောက်ပါဘူးနော်. ကိုယ့်ကားနဲ့ကိုယ် သွားလို့ရသလို ရန်ကုန်-ပဲခူး ဆွဲတဲ့ mini bus လေးစီးပီး ရွှေပြည်ရှေ့မှာဆင်းလည်းရပါတယ် 🚘🚍
ဘာစားမလဲ 🍛
ရွှေပြည် resort ကပဲဖွင့်ထားတဲ့ စားသောက်ဆိုင်ရှိပါတယ် တော်တော်များများအကုန်ရပါတယ် 'ရွှေပြည် ကြက်သောက်ဆမ်း' ကတော့ နာမည်ကြီးပေါ့နော်. Restaurant က ည၁၀နာရီထိဖွင့်ပါတယ်. Resort ထဲမသွားပဲ စားသောက်ဆိုင်မှာပဲ နေမယ်ဆို ဝင်ကြးပေးစရာမလိုပါဘူးနော် ( အခုလည်း လေယာဉ်ပေါ်မှာ သောက်လို့ရမယ့် coffee ဆိုင်လေးလည်း လုပ်နေပါတယ် ) နောက် ၃လ လောက်ဆ်ုဖွင့်မယ်ပြောပါတယ် ✈️☕️
Hotel 🏡🏠🏡🏠
Resort ထဲမှာပဲ Hotel လည်းရှိပါတယ် မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် Friday Night လိုမျိုးထွက်လာပြီး တစ်ရက်လောက်လာနားလို့လည်းရပါတယ်. လုံးချင်းလေးတွေနဲ့ နေချင်စရာလေးပါ အတွင်းပိုင်း Decoration လေးကိုလည်း ပုံမှန် hotel တွေနဲ့မတူအောင် သေချာလေးလုပ်ထားပါတယ်
Aircon, TV, Refrigerator, Heater, Bathtub ပါပါတယ်.
အခန်းဈေးနှုန်းကတော့
၂ယောက်ခန်း-၈၀၀၀၀ ကျပ်
မိသားစုခန်း-၁၂၆၀၀၀ ကျပ် (2 adult+ 1 baby)
Extra တစ်ယောက်ကို +၂၅၀၀၀ ကျပ်ပါ
သူကတော့ low season မို့ discount ချတာမျိုးတော့မရှိပါဘူး (ဈေးတော့နည်းနည်းများပါတယ်😁)
Activities 🚌🚲🚤🐪
ပန်းခြံထဲမှာဘာတွေလုပ်လို့ရလဲဆိုတော့ စက်ဘီးစီးလို့ရတယ်, ဘဲလှေ/လှော်လှေ စီးလို့ရမယ်/ Buggy စီးလို့ရမယ်/ ငှက်ကုလားအုတ်ကြီး ရှိတယ်/ လက်ရာမြောက်တဲ့ Not for sale သစ်သား ပန်းပုရုပ်ကြီးတွေ လေ့လာလို့ရမယ် / ဘာမှမစီးချင်ဘူးဆိုလည်း အေးဆေးလမ်းလျှောက်လို့လည်းရတယ်.နားစရာ တဲလေးတွေလည်းရှိတယ်.
🏃🏻လမ်းလျှောက်ပီးကြည့်မယ့်သူတွေက -ဝင်ကြေး ၁၀၀၀ကျပ်
🚌Buggy စီးမယ်ဆို -၁၀၀၀၀ ကျပ်(၉ယောက်ထိရတယ်)
🚲🚤စက်ဘီး/ဘဲလှေ/လှော်လှေ- ၂၀၀၀ ကျပ် (၁နာရီ)
🐪ငှက်ကုလားအုပ်ကြီးက ၁၀နှစ်သားရှိပီး မောင်ရာဇာတဲ့ နာမည်က 😍 လူလည်းယဉ်တယ် ❤️
ချောတို့ကတော့ Buggy စီးပီးလျှောက်ကြည့်ခဲ့တယ် ကိုယ်ဓာတ်ပုံရိုက်ချင်တဲ့နေရာမှာရပ်ခိုင်းလို့လည်းရတယ်.
Resort ထဲမှာနောက်ဆို ရေကူးကန်/ ရုပ်ရှင်ရုံ တွေ/ ရေတံခွန် အတုတွေ ပါတွေ့ရတော့မှာပါ စပီးလုပ်နေပါပီ. 👍 သစ်သားပန်းပုရုပ်ပြတိုက်ကိုလည်း ဂရင်းနစ် စံချိန်တင်အောင် လုပ်နေတယ်လို့သိရပါတယ် 🇲🇲
ဒီနေရာလေးကနောက်ဆိုတော်တော်လေးစည်လာမယ်လို့ထင်ပါတယ်. ပန်းခြံကတော့ ညနေ၆နာရီဆိုပိတ်ပါတယ်. လူရှင်းတာကြိုက်ရင် ကြားရက်သွားပါ သောကြာ/စနေ/တနင်္ဂနွေ/ဥပုလ်နေ့တွေကတော့ လူများပါတယ် ✌🏼
ကျောင်း picnic ထွက်ရင်လည်းကောင်းတယ် Staff Party တွေလည်းလုပ်လို့ရတယ် အသေးစိတ်ကို ဖုန်းဆက်မေးလို့ရပါတယ်နော်
Shwe Pyi Resort Reception-0949516228 ကိုဆက်လို့ရပါတယ် 📲
Hot line -09457400006
အားလုံးပဲပျော်ရွှင်စရာ ခရီးလေးဖြစ်ပါစေရှင်


 စက်ဘီးစီးမယ့်သူတွေအတွက်
















 ဂရင်းနစ် စံချိန်တင်မယ့် နေရာလေး သစ်သားပန်းပုပြတိုက်

















Reference from:
https://www.facebook.com/ktyoshe/?hc_ref=PAGES_TIMELINE