Monday, 5 September 2016
 9
 9
ဒေါနမြေသို့ တစ်ခေါက်
.
မိုးရာသီဆိုတာ ခရီးသွားတဲ့အချိန် မဟုတ်ပေမဲ့လည်း ချီလီသွားခဲ့တဲ့ ဘားအံခရီးစဉ်လေးကို အားလုံးသိအောင် မျှဝေလိုက်ပါတယ်။ မိုးတွင်းဆိုတာ ခရီးသိပ်မသွားကြတဲ့ အချိန်ဆိုတာ တကယ်တော့ ကိုယ့်အတွက်က အချိန်ကောင်းပါဘဲ။ ဒီလိုအချိန်မှာပဲ Resort, Hotel တွေ တော်တော်များများ ဈေးလျော့လေ့ရှိပါတယ်။ ကိုယ်တိုင်ကလဲ High Season ကို မုန်းတော့ သူများသိပ်မသွားတဲ့ အချိန်နဲ့နေရာကို ရွေးသွားရတာကို ပိုကြိုက်မိတယ်။ အခုလည်း Hpa-ann Lodge ကဈေးလျော့တာ တိုက်ဆိုင်နေတာနဲ့ မွန်းကျပ်တဲ့ ရန်ကုန်ကနေ ဒီတစ်ပတ် ထွက်လာခဲ့ပါတယ်။
.
Hpa-Ann Lodge
Hpa-Ann Lodge မှာဘာတွေရှိလဲ? အဓိကကတော့ Resort မှာ ဘာမှသိပ်မရှိတတ်ပါဘူး။ Resort တွေရဲ့ ထုံးစံအတိုင်း တီဗွီမရှိပါဘူး။ တောတွေတောင်တွေနဲ့ အကောင်းဆုံး အနားယူနိုင်အောင် လုပ်ပေးထားတာမို့ မြို့နဲ့ ဝေးတတ်ပါတယ်။ Hpa-Ann Lodge မှာတော့ ရေကူးကန်ရှိတယ်ပေါ့နော်။ ရေကူးကန်ကနေ လှမ်းကြည့်လိုက်ရင် ဇွဲကပင်တောင်ကြီးကို မြူတွေပတ်နေတာကို တွေ့ရမှာပါ။ အရမ်း ကို သာယာပါတယ်။
.
ချီလီတို့ ဒီကိုလာခဲ့တဲ့ ရည်ရွယ်ချက်က အနားယူဖို့ဆိုတော့ စာအုပ်တွေ၊ ရုပ်ရှင်ကားတွေကို လက်တော့ထဲ ထည့်လာခဲ့တယ်။ ရောက်ရောက်ခြင်းမနက်က အစောကြီးဖြစ်နေတော့ အိပ်ရာကို နေမြင့်မှ ထမိကြတယ်။ ဘာအသံမှ မကြားရတဲ့ တိတ်ဆိတ်ခြင်းကို ခံစားရတာမို့လို့ အကုန်လုံး စိတ်ချမ်းသာစွာ အိပ်စက်မိတယ်။ ရန်ကုန်က ကားဟွန်းသံတွေ၊ လော်စပီကာသံတွေ မရှိဘူးလေ။ ပြီးတော့ ကော်ဖီလေးသောက် ရုပ်ရှင်တူတူကြည့်ကြ၊ စာအုပ်ဖတ်ကြနဲ့ ကောင်းကောင်း အနားယူ ဖြစ်တယ်။ မနက်ဆိုလဲ တောင်တန်းဘေးက ဖြတ်သွားတဲ့ မြူခိုးတန်းကြီးကို ငေးပြီး ခံစားနေရတာ ကိုက ဘာနဲ့မှ မလဲနိုင်တဲ့ အချိန်တွေပါဘဲ။ ပြီးတော့ရေကူးကန်မှာ မနက်စောစော ရေကူးတဲ့အရသာကလဲ တော်တော်မိုက်တာမို့ လုပ်ကြည့်ခဲ့ဖို့ တိုက်တွန်းတယ်နော်။ ဆောင်းတွင်းတော့ မကူးနဲ့နော်။ အရမ်းအေးမှာပဲ။ မိုးတွင်းကတော့ မိုးမရွာရင် ဘားအံကပူပါတယ်။
.
အခန်းပုံစံ နဲ့ ဈေးနှုန်း
အိမ်တစ်အိမ်လုံးကို ကျွန်းသစ်နဲ့ဆောက်ထားတာပါ။ အိမ်အမျိုးအစားနှစ်မျိုးရှိပြီး Karen Cottage နဲ့ 3 Bed Room ပါတဲ့ Karen Family Cottage ပါ။ ချီလီတို့က သုံးယောက်တည်းမို့ Extra Bed နဲ့ Karen Cottage မှာနေပါတယ်။ ဒါပေမဲ့ သွးမယ်ဆိုရင် ၄ယောက် အခန်း ၂ ခန်းယူတာကပိုတန်သလိုပဲ။ ချီလီတို့အခန်းက ဒေါ်လာ (၈၀) တန် အခန်းပါ။ ပုံမှန် ဒီအခန်းကို ၂၂၀ ဒေါ်လာ ယူတယ်လို့ပြောပါတယ်။ Extra Bed က (၄၅) ကျပ်ထပ်ပေးရပါတယ်။ ပြီးတော့ ကိုယ်တွေက Early Check in ဖြစ်နေတော့ အခန်းခ တစ်ဝက်ကိုထပ်ပေးရပါတယ်။ မပေးဘဲ မထမတော့ lobby မှာ နေမလို့ပဲ။ ဒါပေမဲ့ သူတို့ Lobby က တော်တော်သေးတော့ နောက်ဆုံး ပိုက်ဆံ အပိုထွက်သွားတယ်ပေါ့နော်။ တကယ်လို့ Family Karen Cottage ကိုယူမယ်ဆိုရင် ၁၆၀ ဒေါ်လာပဲ ပေးရမှာပါ။ ပုံမှန်ကတော့ ၃၀၀ ကျော်ပါတယ်။
.
ဟိုတယ်က မနက်စာ
.
Resort တစ်ခုအနေနဲ့ကျွေးတာ အရမ်းနည်းတယ်လို့ ခံစားရတယ်။ မိုးတွင်းမို့လားတော့မသိဘူး။ ပေါင်မုန့်၊ ကြာဇံကြော်၊ အသီး၊ကော်ဖီနဲ့အအေးပေါ့။ ပုံမှန် ဟိုတယ်မှာ ကျွေးသလိုပဲ။ ဘူဖေးပုံစံမဟုတ်ဘူး။ အဲတစ်ခုတော့ စိတ်တိုင်းမကျဘူး။ သူယူတဲ့ဈေးနဲ့ အဲတစ်ခုမတန်ဘူး ခံစားရတယ်။
.
ဘားအံကို သွားမယ်ဆိုရင်
ဘားအံကို ဘတ်စ်ကားနဲ့ပဲ သွားဖြစ်ပါတယ်။ GI ကားတွေက တော်တော်ကောင်းတယ်။ Special Class က ၁၄၀၀၀ ပေးရတယ် ထင်တယ်။ ကိုယ်တွေက တစ်သောင်းတန်လောက်ပဲဝယ်လိုက်ပေမဲ့ ကံကောင်းတော့ Special Class စီးလိုက်ရတယ်လေ။ ဘတ်စ်နဲ့သွားရင်တော့ စိတ်ညစ်ရတာ တစ်ခုကတော့ မနက်ကို အစောကြီးဝင်တာပါဘဲ။ GI လို ကားတွေက မြဝတီကိုဆက်သွားကြတာမို့ပါ။ ဘားအံကို မနက် (၃း၃၀) လောက်ရောက်ပါတယ်။ ရောက်တာနဲ့ ကိုယ်ခေါ်ထားတဲ့ ကားက လာခေါ်ပါတယ်။
.
အပြန်ကျတော့ GI က မြဝတီကလာတဲ့ကားဆိုတော့ ဘားအံကို ည ဆယ်နာရီကျော်မှ ရောက်မယ်ဆိုတော့ မနက်ဖြန် ရုံးတက်ရမည့် ကိုယ့်အတွက် အဆင်မပြေတာနဲ့ ရွှေစင်စင်္ကြာနဲ့ပြန်ခဲ့တယ်။ သူက ခြောက်ထောင်ပဲလား ပေးရတယ်။ ဒါပေမဲ့ သူထက် ကောင်းတဲ့ ရွှေမန္တလာကိုတွေ့ခဲ့တယ်။ နောက်တစ်ခါဆိုရင်တော့ ရွှေမန္တလာနဲ့ပြန်ဖြစ်မယ်ထင်တယ်။
.
သွားရေးလာရေး
ဘားအံမှာ လည်ဖို့အတွက်ကတော့ ကားက ငှားရမှာပါ။ ချီလီတို့နေတဲ့ Hpa-ann Lodge က မြို့နဲ့ဝေးတော့ ကားငှားမှပဲ အဆင်ပြေမှာပါ။ ကားငှားမယ်ဆိုရင်လဲဟိုတယ်က ကားတွေ မခေါ်ပါနဲ့။ ဈေးကြီးတတ်တယ်လေ။ ချီလီသိတဲ့ ကားသမားကို ခေါ်လို့ရပါတယ်။ 09-255725805 ကိုမောင်ထွန်းလို့ ခေါ်ပါတယ်။ ဈေးကလဲ မကြီးပါဘူး။ ကားဂိတ်လာကြိုမယ်ဆိုရင် (၅၀၀၀) ကျပ်ပဲ ယူပြီး တစ်နေကုန်ကို (၅၀၀၀၀) ယူပါတယ်။ မဆိုးဘူး တန်တယ်လေ။ လေးယောက်လောက်သွားရင် မျှရှင်းရင် သိပ်မကုန်ဘူးပေါ့။ ဒါက low-season rate ပေါ့နော်။ High-season တော့မတူဘူး။
.
ဆက်သွယ်ရေး
ဘားအံမြို့ထဲမှာတော့ ဖုန်းလိုင်းအကုန်မိပေမဲ့လည်း Hpa-ann lodge မှာတော့ Ooredoo ကတော်တော်ကောင်းတယ်။ MPT လည်းမဆိုးဘူး။ ကိုယ်က Telenor သယ်သွားတာမမိဘူးလေ။
.
ဘာတွေစားရမလဲ?
ဘားအံရောက်ရင် မဖြစ်မနေ စားရမယ့်နေရာ သုံးခုရှိပါတယ်။ စံမတူ၊ ရွှေကြက်ဖ နဲ့ အိန္ဒု (ကြက်ကင်)ဆိုင်ပါ။ ရောက်ရောက်ခြင်းနေ့ကတော့ ရွှေကြက်ဖမှာပဲ သွားစားဖြစ်ခဲ့တယ်။ ဒီတစ်ခေါက်တော့ စံမတူမှာမစားဖြစ်ပါဘူး။ Hpa-ann Lodge မှာ နေမယ်ဆိုရင်တော့ ရွှေကြက်ဖ ဖုန်းနံပါတ်ယူထားတာ ကောင်းပါတယ်။ ညဘက်က ဒီမှာစားဖို့က ဈေးကြီးတယ်လေ။ ရွှေကြက်ဖမှာ ညအတွက် ထမင်းတွေ ဟင်းတွေ မှာခဲ့ပြီး ပြန်လာခဲ့တယ်။ ညနေသူတို့ကိုဖုန်းဆက်ပြီး လာပို့ပါပြောရင် ကယ်ရီနဲ့လာပို့ပေးတယ်။ ကယ်ရီခတော့ ပေးရတာပေါ့နော်။ လိပ်စာကဒ်လေး ထည့်ပေးထားပါတယ်။ ဒီဆိုင်မှာ မဖြစ်မနေစားရမှာကတော့ ဝက်အူချောင်းပါ။ တစ်ချောင်းမှ ငါးရာကျပ်ပဲ ပေးရတယ်။ အခြားဟာတွေကတော့ ဈေးများတယ်။ ၄၅၀၀ လောက်ပေးရပါတယ်။ ဝက်အူချောင်းကြိုက်သူဆိုရင် ဒါကို မဖြစ်မနေစားခဲ့နော်။
.
အိန္ဒု ကြက်ကင်ဆိုင်က လွန်ခဲ့တဲ့သုံးနှစ်ကတည်းက အရမ်း ကြိုက်လာတာ။ ဒီတစ်ခါ ဘားအံထပ်ရောက်ရင် ထပ်စားမယ်ဆိုပြီး သန္ဓိဌာန်ချထားခဲ့တာပေါ့။ ကိုယ်လဲ ရောက်ကော ဟယ်ဒီဆိုင်ကော ဟုတ်ရဲ့လားပေါ့။ အရမ်းကိုပြောင်းလဲသွားတယ်။ ကိုယ်ကတော့ အရင်ဆိုင်သေး သေးလေးနဲ့ ကြက်ကင်လေးတွေ ကိုယ့်ရှေ့ ကင်ပေးတဲ့ အိန္ဒုကိုပိုကြိုက်တယ်။ ဒီမှာကတော ဈေးအရမ်းသက်သာတယ်။ ကွေ့တီယိုတစ်ပွဲ (၅၀၀) ကျပ်၊ ကြက်ကင် (၃)ချောင်းကို တစ်ထောင်ကျပ် ပဲ ပေးရတယ်။ အခြားဟာတော်တော်များများလဲတော်တော်သက်သာတယ်။ ဒီဆိုင်ကလဲ ဘားအံရောက်ရင် မရောက်ရောက်အောင်သွားနော်။ ဆန္ဒန်ဂူသွားရာလမ်းမှာရှိပါတယ်။
.
လည်စရာနေရာတွေကတော့ တော်တော်များများလဲသိပြီးသားမို့ မရေးတော့ပါဘူး။ ဒီတစ်ခေါက်တော့ ဆန္ဒန်ဂူပဲရောက်ဖြစ်ခဲ့တယ်။ အေးဆေးအနားယူချင်တာရယ် မိုးတွင်းဆိုတော့ သွားရလာရ အဆင်မပြေတာရယ်ကြောင့်ပါ။ ကဲ ဒီလောက်ဆို ရန်ကုန်ကနေ စနေ၊ တနင်္ဂနွေ ထွက်ပြေးချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေလောက်ပြီ ထင်ပါတယ်။
ဟိုတယ်ဘိုကင်တင်ချင်ရင် Living Irrewaddy 012314870ကိုလဲဆက်လို့ရတယ်
#chilli #travelwithchilli #hpaann #mykhayee
Reference from :
https://www.facebook.com/mykhayee/?hc_ref=PAGES_TIMELINE
Sunday, 4 September 2016
အညာဒေသ၏
အထင်ကရဘုရားပွဲတော်တစ်ခုဖြစ်တဲ့ 
ရွှေဘိုမြို့ မော်ဓေါမြင်သာ
မြို့ဒေါင့်စေတီဘုရားပွဲ စတော့မယ်နော်
Reference from :
https://www.facebook.com/ရွှေဘိုမြို့-အလှပုံရိပ်များ-132027977142738/?hc_ref=PAGES_TIMELINE
မီးပုံးလေဖြည့်နေစဉ် . . .
Gas နဲ့ မှိုင်းဖြည့်နေတာပါ . . .
အသံတော်တော်ပြင်းပါတယ် . . .
အပူလဲပြင်းပါတယ် . . .
စစခြင်းဆို နေသားမကျဖြစ်နိုင်ပါတယ် . . .
မီးပုံးအရွယ်အစားက
နှစ်ထပ်အိမ်အရွယ်အစားနီးပါးရှိပါတယ် . . .
မီးပုံးအရွက်ကတော်တော်ကြီးကိုထူပြီး
ပျက်စီးဖို့မလွယ်ပါဘူး . . .
နိုင်လွန်သားနဲ့ပဲလုပ်ထာူတာပါ . . .
လေပေါ်မတက်ခင် . . .
ကျွန်တော်နဲ့ဘေးခြင်းကပ်စီးတဲ့တစ်ယောက်ကလဲ
ဓါတ်ပုံသမားပါပဲ . . .
သူက nikonနဲ့ရိုက်ပါတယ် . . .
ကျွန်တော်က canon 5D Mark ll ပါ . . .
ခရီးသည်တွေထဲမှာ
ကျွန်တော်ကလွဲရင်
အားလုံးကနိုင်ငံခြားသားတွေပါ . . .
ဘေးကကပ်ရက်ဘွားတော်က 
ကိုယ့်ကိုအမေရိကန်လားတဲ့ . . .
နီဂရိုးများထင်သွားလားမသိဘူ
မြန်မာပါလို့မနည်းရှင်းပြရတယ် . . .
( အင်္ဂလိပ်လိုကလဲ တော်တော်ကျွမ်းဆိုတော့ )
နာမည်မေးလို့
ဘာဘူလို့ပြောလိုက်တာ
India ပေါ့တဲ့ . . . ပြီးရောပဲ 😂😂
" အနုမှာ အာနန္ဒာ
ထုမှာ ဓမ္မရံကြီး
အမြင့်မှာ သဗညု
တန်ခိုးမှာ ရွှေစည်းခုံ "
ပုံထဲက ဓမ္မရံကြီးဘုရားပါ . . .
အံဩစရာ ထုထည်နဲ့တည်ဆောက်ထားတာပါ . . .
မြန်မာနိုင်ငံရဲ့ဂုဏ်ယူစရာ ရှေးဟောင်းအမွေအနှစ်တွေပါ . . .
အဖေနဲ့ အမေကပုဂံဇာတိ
ရန်ကုန်မှာအခြေကျပြီး
ကိုယ်တွေက ရန်ကုန်သားဖြစ်ခဲ့ရတယ် . . .
ငယ်ဘဝထဲက ကျောင်းပိတ်ချိန်တိုင်း
နွေရာသီဆိုပုဂံကိုပြန်ခဲ့တယ် . . .
အခုလဲအချိန်ရရင်
ပုဂံကိုရောက်အောင်သွားတယ် . . .
ဖုန်နံသင်းတဲ့အညာမြေကလေပူရိုင်းတွေက
ကိုယ့်အတွက်ကဘယ်တော့မှမရိုးနိုင်ဘူး . . .
အခွင့်အရေးသာရရင်
နောင်တစ်ချိန်
မီးစာကုန်ဆီခမ်း
ပုဂံမှာပဲအရိုးထုတ်ချင်တယ် . . .
ဒီမြင်ကွင်းက ဒီနိုင်ငံ ဒီပုဂံမှာပဲရှိပါတယ် . . .
ကျွန်တော်အတွက်တော့
ဘယ်တော့မှမရိုးတဲ့နေရာပါ . . .
ပုဂံမှာ Balloon စီးခဲ့ဖူးတယ်
၂၀၀၉ခုနှစ်လောက်ကပါ
အကိုကြီးရဲ့ကုမ္မဏီကထုတ်တဲ့
Postcard series တစ်ခုမှာသုံးဖို့
ကျွန်တော့်ကိုလက်တဲ့ပေးစမ်းတုန်းကပေါ့ . . .
မီးပုံးပျံစီးချိန်က ၄၅မိနစ်ပဲကြာတယ်
အဲဒီအချိန်ကလေကြောင်းအနေအထားအရ
Bagan Golf Resort ထဲကစပျံကြရတယ် . . .
Captain က ဩစတြေးယားထင်တာပဲ
အားလုံး မီးပုံးပျံ၆စင်းတက်ကြတယ်
ကျွန်တော်မီးပုံးပျံကအကြီးဆုံး
ရှေ့ဆုံးကစတက်ရတယ် . . .
၈ယောက်စီးလို့ရတာရှိတယ်
၁၀ယောက်စီးလို့ရတာရှိတယ်
၁၂ယောက်စီးလို့ရတာရှိတယ်
ဈေးနှုန်းက အဲဒီအချိန်တုံးက usd 320
အခုချိန်ဆို ၄၀၀ ဝန်းကျင်ရှိမယ်ထင်တယ် . . .
ကိုယ်ကဓါတ်ပုံရိုက်ဖို့လိုက်စီးတာဆိုတော့
အရသာတော့သိပ်မခံစားရဘူး . . 
ကင်မယာ၂လုံးနဲ့ မှန်ဘီလူးလဲတပ်ရတာနဲ့
ချာလပတ်ကိုလည်နေတာပဲ . . .
မီးပုံးက
အမြင့်မီတာ ၁၀၀၀ကျော် မှာပျံတာ
သူတို့စည်းကမ်းအရ မြို့ပေါ်ကပျံလို့မရဘူး
မြို့ဟောင်းအပြင်ဘက်ကပြန်ရတာ
ကိုယ့်စိတ်ကြိုက်တော့သိပ်မရဘူး . . .
မီးပုံးက gas နဲ့ပျံတာ
စစီးကာစ ကျင့်သားမရတော့
အပူငွေ့နဲ့ gasအိုးကမီးထွက်တဲ့အသံတော့
တော်တော်ပြင်းတယ် . . .
၁၀မိနစ်လောက်ကြာတော့မှ
အဆင်ပြေသွားတယ် . . .
အမြင့်ကြောက်တဲ့သူတွေတော့
မစီးသင့်ဘူး . . .
ခရီးသည်စီးတဲ့ခြင်းတောင်းကြီးတွေက
သစ်သားကိုကြိမ်နဲ့ယက်ထားတာ
လှေခါးမပါပါဘူး . . .
ခြေနင်းပေါက်တွေပါပြီး
ကျော်တက်ရတာပါ . . .
ဒါကြောင့် ဘောင်းဘီနဲ့မှ
အတက်အဆင်းအဆင်ပြေပါလိမ့်မယ် . . .
တချို့အမျိုးသမီးတွေ
စကပ်ဝတ်တတ်တော့အခက်အခဲဖြစ်တတ်လို့ပါ . . .
မနက်၅နာရီလောက် ကွင်းကိုအရောက်သွားဖို့
ကုမ္မဏီကလာခေါ်ပေးတယ်
၆နာရီလောက်မှာစတက်တယ်
မြို့ဟောင်းဘက်ကစတက်ပြီး
မြို့သစ်ဘက်မှာပြန်ဆင်းပေးတယ်
ကြိုပို့ကားတွေက အောက်ကနေ
တောက်လျောက်လိုက်ပြီး
အရေးအကြောင်းရှိရင် ကူညီလို့ရအောင်
Standby အနေအထားနဲ့
ခရီးစဉ်တလျောက်အောက်ကနေလိုက်လာကြပါတယ် . . .
ပြောသာပြောရတာ လေထဲမှာ emergency သာဖြစ်ရင်
ဘာမှလုပ်မရဘူး . . . 😂😂😂
ဒါပေမဲ့ ကပ္ပတိန်တွေကတော်ပါတယ်
မီးပုံးပျံ ၆စင်းကိုဆင်းတာ
ရှေ့နောက်တန်းစီပြီး
အစီအစဉ်တကျဆင်းနိုင်ကြပါတယ် . . .
မြေပြင်အဆင်းလဲတော်တော်လေး
ညင်သာကြတယ် . . .
လေထဲမတက်ခင်နဲ့ ပျံသန်းစဉ်မှာလဲ
safety နဲ့ပတ်သက်တာတွေကို
စနစ်တကျရှင်းပြပေးတယ် . . .
ပျံသန်းနေစဉ်မှာလဲ
မီးပုံပျံမှာတပ်ထားတဲ့ကင်မရာနဲ့
ခရီးသည်တွေအတွက်
အမှတ်တရဓါတ်ပုံတွေရိုက်ပေးပါတယ်
နောက်မှ မိမိတည်းခိုတဲ့ဟိုတယ်ကို
CD နဲ့သွင်းပြီးပြန်လာပေးပါတယ် . . .
ပြန်အဆင်းအောက်ရောက်ရင်
လာကြိုတဲ့ကားဘေးမှာ ရှန်ပိန်ဖောက်ပြီး
ဧည့်ခံပါသေးတယ် . . .
ကြိုပို့ကားတွေက ၃၉ဗိုက်ပူကြီးတွေပါ
နိုင်ငံခြားသားတွေက
တော်တော်သဘောကျပါတယ်
တချို့ဆို အဲဒီအချိန်မှမြင်ဖူးကြတာပါ . . .
နောက် . . . မီးပုံးပျံအောင်မြင်စွာစီးနိုင်ကြောင်း
Certificate တစ်စောင်ပေးပါတယ် . . .
ဈေးနှုန်းက မြန်မာနိုင်ငံအနေအထားအရ
ဈေးကြီးပါတယ် . . .
ဒါပေမဲ့ ဆောင်းကာလ
အာရုံအတက်မှာ
မြူငွေ့တွေကြားကနေ
ဖြေးဖြေးချင်းပျံတက်လာတဲ့
နေဝန်းကြီးနဲ့ရောင်နီဦးကို
ပုဂံမြို့ဟောင်းရဲ့
အမြင့်မီတာ ၁၀၀၀ကျော်ဝေဟင်ထဲကနေ
ကြည့်ရဖို့ဆိုတာ
တော်ရုံအခွင့်အရေးတော့မဟုတ်ပါဖူး . . .
ဒါကြောင့် အခွင့်အရေးသာရရင်
ပျံသန်းကြည့်ကြပါ
တန်ပါတယ်လို့ အကြံပြုပါရစေ . . .
P.S. အချိန်ကကြာပြီဆိုတော့ တော်တော်ပြန်စဉ်းစားရပါတယ်
အနည်းငယ်လွဲမှာတာတွေရှိနိုင်ပါတယ် . . .
( ဟိုက်ရှားဘား )
Reference from :
https://www.facebook.com/Hike-Shar-Bar-1044875382272398/?hc_ref=PAGES_TIMELINE
မြန်မာနိုင်ငံမှာ နေထိုင်ပြီး မသေခင် ရောက်သွားသင့်တဲ့ နေရာဆယ်ခုပါ။
Reference from:
https://www.facebook.com/naturemyanmar/?hc_ref=PAGES_TIMELINE
Friday, 2 September 2016
THE BEAUTY OF MEIK
မြိတ်ကျွန်းစုများ
ဓာတ်ပုံ - straitstimes , burmaboating
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
#kln_yyl
#travel_yyl
(Unicode Version)
မြင်လိုက်တာတဲ့ ကြက်သီးထလောက်အောင် လှပတဲ့ မြန်မာပြည်မှ
မြိတ်ကျွန်းစုများ
နိုင်ငံခြားကို ငွေဆယ်သိန်း၊ သိန်းနှစ်ဆယ်ကုန်အောင် သွားမယ့်အစား
မြန်မာနိုင်ငံမှ မြိတ်ကျွန်းစုတွေဆီ တစ်ခေါက်လောက် သွားပြီးတော့ အပန်းဖြေ
ကြည့်ပါအုံးနော်။ မြင်လိုက်တာနဲ့ ကြက်သီးထလောက်အောင် လှပတဲ့ သဘာဝစစ်စစ် မြန်မာ့အမွေအနှစ်တွေ များစွာရှိပါတယ်။
ကြည်လင်ပြီး ကျောက်စိမ်းရောင်ရှိတဲ့ ရေများ၊ အဝေးမှာ ကြည့်ရင် စိမ်းစိုအုံ့မှိုင်းနေသော သဘာဝ သစ်တောများကို ခရီးသွားများ အနေဖြင့် မြင်တွေ့ရမှာ
ဖြစ်ပါတယ်။ အေးဆေးပြီး အပန်းဖြေဖို့ အလွန်ကောင်းမွန်တဲ့ နေရာတွေလည်း များစွာရှိပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံမှာ Travel & Tour များမှာ အချိုသာဆုံးဈေးနှုန်းများနဲ့ ထိုနေရာများကို စုံလင်စွာ ပို့ဆောင်ပေးနေပါတယ်။
မြိတ်ကျွန်းစုဟာ အရင်က ခရီးသွားတွေ အရောက်နည်းပေမယ့် ယခုမှာတော့ တဖြည်းဖြည်း စည်ကားလာပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ ခရီးသွားဖို့ စဉ်စားနေတယ်ဆိုရင် မြိတ်ကျွန်းစုဘက်ကို သွားရောက်လည်ပတ် ကြည့်ဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
ဓာတၸံု - straitstimes , burmaboating
ကော်လင်းနိုင် (ရိုးရာလေး)
  Reference from:
 https://www.facebook.com/YoYarLay/?hc_ref=PAGES_TIMELINE